ပင်လုံမြို့နယ် ၊ နမ့်စန်မြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် နှင့် လင်းခေးမြို့နယ်တို့တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ၊နမ့်စန်မြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် နှင့် လင်းခေးမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင်း နေထိုင်သော ဒေသခံပြည်သူစုစုပေါင်း ၇၂၁ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း နှင့် ပိုးသတ်ဆေးများ ဖြန့်ပေးခြင်းစသည့် လုပ်ငန်များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း