နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မှုအရ မြန်မာ့တပ်မတော်အား အမှုဖွင့်ခြင်းကို ထောက်ခံကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဘေားထားထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဘဂႅါလီလူမျိုးအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု ICJ တရားရုံး ICCတရာရုံး နှင့် အာဂျင်တီးနားနိုင်ငံ တရားရုံးတွင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ တပ်မတော်အား အမှုဖွင့်ခြင်းကို ထောက်ခံကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် MNDAA/TNLA/AAတို့၏ သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသ‌ဘောထားထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်အား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရှိသော ဘဂႅါလီလူမျိုးများအပေါ်ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုးများကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC နှင့် အာဂျင်တီးနားနိုင်ငံ တရားရုံးတွင် International Jurisdiction နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အမှုဖွင့်တိုင်ကြားပြီး အရေးယူနိုင်ရန် ကြိုးပမ်းနေသည်ကို မိမိတို့ MNDAA/TNLA/AA အနေဖြင့် အပြည့်အဝထောက်ခံကြောင်း၊ မြန်မာပြည်တိုင်းရင်းသားများအပေါ် သမာသမတ်ရှိစွာဖြင့် ပြစ်မှုကျူးလွန်နေသူများကို အပြစ်ပေးအရေးယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နှစ် (၇၀)ကျော်ကြာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် တပ်မတော်သည် တိုင်းရင်းသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၊ ရွာသူရွာသားများပိုင် ပစ္စည်းများ ခိုးယူဖောက်ထွင်းခြင်း၊ပြည်သူပိုင် တိရိစ္ဆာန်များ ခိုးယူသတ်ဖြတ်စားသောက်ခြင်း ၊စာသင်ကျောင်း ၊ဘုန်းကြီးကျောင်း ပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ပြည်သူလူထုနေအိမ်များကို လက်နက်ကြီးများ ၊တိုက်လေယာဥ်များဖြင့် ဦးတည်တိုက်ခိုက်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်နေပြီး Jurisdiction ကိုလည်း ဆန့်ကျင်နေကြောင်း စသည့်အချက်များ ပါဝင်ပါသည်။

၎င်းအပြင် ကိုးကန့် ၊တအောင်း နှင့် ရခိုင်ဒေသတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူလူအား ၂၀၀၉ ခုနှစ် မှ ၂၀၁၉ ခုနှစ် ကာလအတွင်း ကျူးလွန်ခဲ့သော မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်များကို အရေးယူရန်ကြိုးပမ်းနေ့သည့် အဖွဲ့အစည်းများအား မိမိတို့ MNDAA/TNLA/AA တို့မှ ရရှိထားသည့် သက်သေအချက်အလက်များနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားရန် အမြဲတမ်းအဆင်သင့်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ပါသည်။

Taifreedom

Facebook

သတင်း