နမ္မတူမြို့နယ်တွင် အပြစ်မဲ့ဒေသခံတစ်ဦးအား TNLA မှ ဝင်ရောက်ဖမ်းဆီး

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် TNLA တပ်ဖွဲ့မှသျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ဟိုင်းကျေးရွာဒေသခံရွာသားတစ်ဦးအား နေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖမ်းဆီးခံရသည့်ဒေသခံရွာသားသည် စိုင်းအားဆန်း အသက် ၂၉ နှစ်ဖြစ် ပြီး နမ္မတူမြို့နယ် နမ့်ဟိုင်းကျေးရွာအုပ်စု နမ့်ဟိုင်းကျေးရွာနေထိုင်သည့် လုံကြာလျှဲန်နှင့် ပါနိဝ်းဟွမ်တို့၏  သားဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် TNLAဘက်နက်ကိုင် တပ်ဖွဲ့ အင်အား  ၃၀ ဦးသည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ဟိုင်းကျေးရွာရောက်ရှိပြီး ၎င်းတို့မှ အဖွဲ့ဝင် ၄ ဦးလက်နက်အပြည့်အစုံဖြင့် ဒေသခံရွာသားဖြစ်သည့်   စိုင်းအားဆန်းအားနေအိမ်တွင် ကလေးထိမ်းနေချိန်တွင် TNLA မှ၀င်ရောက်ဖမ်းဆီးခြင်းဖြစ် ကြောင်းသိရသည် နေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးပြီး မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို အကြောင်းအရင်းမသိရှိရသည့်အပြင် ယနေ့တိုင်အောင် ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

Taifreedom

Facebook

သတင်း