နမ့်လန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ထိတွေ့မှုဖြစ်ပွား

အပစ်ရပ်ကြေညာထားသော်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်လန်မြိုနယ်တွင် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ မိမိတို့၏ နယ်မြေတွင်း လှုပ်ရှားနေစဥ် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ကွန်ခါးကျေးရွာအုပ်စု ပန်ခါးကျေးရွာသို့ ဦးတည်လာသည့် အစိုးရတပ်မတော် အမှတ် ၃၂၆ ခြေမြန်တပ်ရင်း (ခမရ-၃၂၆)   ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမှတ် ၃၂၆ ဖြေမြန်တပ်ရင်း(ခမရ-၃၂၆)သည် တန့်ယန်းမြို့ အခြေစိုက်တပ်ရင်းဖြစ်ပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းဖြစ်သည်။

အစိုးရတပ်မတော်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့တွင် အကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ခုနှစ် မေလ(၁၀) ရက်မှစ၍ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်းဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် နားကောင်းမူးကျေးရွာအုပ်စု  နားကောင်းမူးကျေးရွာတွင် အစိုးရတပ်မတော် အမှတ် ၆၅ ခြေလျင်တပ်ရင်း(ခလရ-၆၅) နှင့် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA ခတ္တေစခန်းချထားသည့် နေရာသို့ လက်နက်ကြီးများဖြင့် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း