နမ့်စန်မြို့နယ် နှင့် မောက်မယ်မြို့နယ်တွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်လည်း  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရကျန်းမာရေးဝန်ထမ်းများ ၊ နိုင်ငံရေးပါတီဝင်များ နှင့် ဒေသခံ လူငယ်အဖွဲ့အစည်းများတို့ ပူးပေါင်းပြီးသျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ပိန်းကျိုင်ကျေးရွာအုပ်စု နှင့် မောက်မယ်မြို့နယ် ဟိုလွယ်ကျေးရွာအုပ်စု နေထိုင်သော ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း နှင့် ပိုးသတ်ဆေးများဖြန့်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း