နမ့်ခမ်းမြို့ ခေါက်ဆွဲဆိုင် ဓါးပြတိုက်ခံရ

နမ့်ခမ်းမြို့  ပြည်သူ့ဆေးရုံ အ‌ရှေ့ဘက်ရှိသည့် ခေါက်ဆွဲဆိုင်တစ်ဆိုင် ဖောက်ထွင်းဝင်ရောက် ဓါးပြတိုက်ခံခဲ့ကြောင်း သတင်းရရှိသည်။

ပြီခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့  ည ၈ နာရီ ၄၅ မိနစ်ခန့်၌ နမ့်ခမ်းမြို့  ပြည့်သူ့ဆေးရုံကြီးတွင် ကားပါကင်၌ တာဝန်ကျသည့် စိုင်းအိုက်စိုင်းသည်  ပြည့်သူ့ဆေးရုံကြီး အရှေ့ဘက်ရှိသည့် ပါတင်အေး၏ခေါက်ဆွဲဆိုင် အနီးတစ်ဝိုက်တွင် မသကႅာသည့်အမျိုးသားတစ်ဦးအား တွေ့ရှိကာ မြို့နယ်ရဲစခန်းထံသို့ ဖုန်းဆက်အကြောင်းကြားပြီး တစ်ခဏအကြာတွင် ၎င်းမသကႅာသည့်အမျိုးသားတစ်ဦးမှ  ပါတင်အေး၏ခေါက်ဆွဲဆိုင်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားသည်ကို တွေ့ရှိသဖြင့် ၎င်းအမျိုးသားအား ဝိုင်းဝန်းဖမ်းဆီးရန် ပြည့်သူ့ဆေးရုံကြီးတွင်တာဝန်ကျသည့်လူအင်အား ၅ ဦးနှင့်အတူ ခေါက်ဆွဲဆိုင်‌သို့ရောက်သွားခိုက်တွင် ၎င်းအမျိုးသားမှ ပစ္စတိုသေနတ်ထုတ်ပြီး ပစ်ခတ်ခဲ့ရာမှ စိုင်းအိုက်စိုင်း၏ ညာဖက် ခြေထောက်ထိမှန်ကာ  ၎င်းအမျိုးသားလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ထားသည့် စိုင်းအိုက်စိုင်းသည် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခြင်းခံယူထားပြီး ၎င်းဓါးပြတိုက်သည့် အမျိုးသားအား ရဲတပ်ဖွဲ့မှ တာဝန်ယူ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Facebook

သတင်း