နမ့်ခမ်းမြို့နယ် SNLD အလုပ်အမှုဆောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ကွယ်လွန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် နမ့်ခမ်းမြို့နယ်သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ၏ တွဲဖက်အတွင်းရေးမှုးဖြစ်သည့် စိုင်းအိုင်နောင့် အသည်းရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စိုင်းအိုင်နောင့် (ခ) စိုင်းထိန်လင်းအောင်သည် အသည်းရောဂါဖြစ်ပွားပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသခြင်းခံယူပြီးနောက် ရောဂါမသက်သာလာသည်ကိုတွေ့ရသဖြင့် မန္တလေးဆေးရုံကြီးမှ နမ့်ခမ်းမြို့ နောင်မိုရပ်ကွက်ရှိ ၎င်းဇနီးအိမ်သို့ ပြန်လာပြီး အနားယူကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

စိုင်းအိုင်နောင့် သေဆုံးခြင်းနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အလုပ်အမှုဆောင်ကော်မတီနှင့် သျှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ဝင်များမှ စိုင်းအိုင်နောင့်၏ မိသားစုဆွေမျိုးတို့နှင့် ထပ်တူဝမ်းနည်းကြေကွဲမိကြောင်း၊ စိုင်းအိုင်နောင့်အား ကောင်းရာသုဂတိဘုံသို့ ရောက်သွားရန် ဆုတောင်းပေးခဲ့ကြောင်း SNLD NamKham facebook page ပေါ်တွင် ရေးသားချက်အရ သိရှိရသည်။

Taifreedom

Facebook

သတင်း