နမ့်ခမ်းမြို့တွင် သျှမ်းဘာသာထူးချွန်ဆုရသူများအား ဆုချီးမြှင့်

သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (နမ့်ခမ်းမြို့) မှ ဦးစီးပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သျှမ်းဘာသာ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို နမ့်ခမ်းမြို့နယ် တျဲန်မရပ်ကွက် တျဲန်မောဝ်ခမ်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နမ့်ခမ်းမြို့နယ်အတွင်း၌ သျှမ်းစာပေသင်ကြားသည့် အစိုးရစာသင်ကျောင်း (၃၅) ကျောင်းရှိရာ ကျောင်းသားကျောင်းသူ (၂၂၀၈) ဦး သင်ကြားပေးခဲ့ပြီး ဆုရထူးချွန်ကျောင်းသားကျောင်းသူ (၃၁၅) ဦးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က နမ့်ခမ်းမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကာ အခမ်းအနားပြုလုပ်၍ ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့တွင် သျှမ်းဘာသာထူးချွန်ဆုရသူများအား ဆုချီးမြှင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နမ့်ခမ်းမြို့နယ် အစိုးရစာသင်ကျောင်းများတွင် သျှမ်းစာပေသင်ကြားသည့် ဆရာ ဆရာမ (၁၁၈) ဦးရှိကြောင်း သိရသည်။

ဆုချီးမြှင့်အခမ်းအနားတွင် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (နမ့်ခမ်းမြို့) ဒုတိယဥက္ကဋ္ဌ လုံးစိုင်းခမ်းအောင်မှ  အမှာစကားပြောကြားရာတွင် – မည်သည့်လူမျိုးမဆို မိမိတို့၏ မိခင်ဘာသာစကားကို နံပါတ်တစ်နေရာတွင် ထားပြီး ငယ်စဉ်ကတည်းက သင်ကြားတတ်မြောက်ပြီးမှသာလျှင် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် စသည့် ဘာသာစကားကို နံပါတ်နှစ်နေရာတွင်ထားပြီး သင်ကြားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

နမ့်ခမ်းမြို့တွင် သျှမ်းဘာသာထူးချွန်ဆုရသူများအား ဆုချီးမြှင့်

သျှမ်းဘာသာထူးချွန်ဆုရသူများအား ဆုချီးမြှင့်သည့်အခမ်းအနားသို့  ရပ်မိရပ်ဖများ ၊ နမ့်ခမ်းမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်များ ၊ သျှမ်းစာပေ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူများ နှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားပြီးနောက် ၎င်းနေ့ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း