နမ့်ခမ်းတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာနှင့် ဝိန်းကမ်း ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ် နှင့် TNLA တပ်ဖွဲ့တို့ နမ့်မကျေးရွာနှင့် ဝိန်းကမ်းကျေးရွာကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်များ ဟိုပုံကျေးရွာမှ ဝိန်းကမ်းကျေးရွာဘက်သို့ သွားနေစဉ် TNLA  တပ်က ကြားဖြတ်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံးပြီး နမ့်မကျေးရွာဘက်သို့ စစ်ကောင်စီတပ်ပြန်ဆုတ်ခွာချိန် နေအိမ်ပြတင်းပေါက်ကို ပိတ်ဖို့ပြင်နေသည့် အသက် ၇၀ ကျော် ရွာခံအမျိုးသားတစ်ဦးကို  စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ရာ ပါးစပ်မှာ ထိမှန်ခဲ့တယ်လို့ နမ့်မဒေသခံတစ်ဦးက Taifreedom ထံ ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် ရွာခံအဘိုးကို မြို့နယ်တွင်းရှိ ပရဟိတအသင်း အကူအညီဖြင့် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ကြောင်း သိရသည်။

နမ့်ခမ်းတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရ

ထို့ပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နမ့်မကျေးရွာတွင်းရှိ အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာတွင်း၌လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ကျန်ရှိနေသေးကြောင်း သိရှိရသည်။

သေဆုံးသည့် စစ်ကောင်စီတပ်သားအလောင်းကိုလည်း ဒေသခံများက မီးရှို့သဂြိုဟ်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နမ့်ခမ်းတွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရ

Photo – CJ

Taifreedom

Facebook

သတင်း