ဒုရဲအုပ်အဆင့် နယ်ထိန်း နှင့် ပူးပေါင်းအဖွဲ့တို့ ကျေးလက်အရောင်းဆိုင်များတွင် အရက်ဘီယာ အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် ဒုရဲအုပ်အဆင့် နယ်ထိန်း နှင့် ပူးပေါင်းအဖွဲ့တို့ ကျေးလက်အရောင်းဆိုင်များတွင် အရက်ဘီယာများအား အကြောင်းအရင်းမရှိ အဓမ္မသိမ်းယူသည့်အပြင် ဆိုင်ရှင်များထံ ဒဏ်ကြေးငွေ ကောက်ခံမှုလည်းရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ  ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်၌ နယ်ထိန်းအရာရှိ ဒုရဲအုပ် နေလင်းဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ မိုင်းပန်မြို့နယ် ဟိုဖိုင်လုံကျေးရွာအုပ်စု (အ‌ရှေ့ကျေးရွာအုပ်စု) ဟိုဖိုင်လုံကျေးရွာရှိ ဒေသခံပြည်သူများ ဖွင့်လှစ်ထားသည့် ကျေးလက်အရောင်းဆိုင်များတွင် သွားရောက်စစ်ဆေးပြီး အရက်၊ ဘီယာများကို အကြောင်းအရင်းမရှိ အဓမ္မသိမ်းယူသွားသည့်အပြင် ဆိုင်ရှင်များဖြစ်သည့် နန်းခမ်းဝို၊ နန်းပူးဆိုင် နှင့် စိုင်းပီး+ နန်းနောင့်နိ တို့အား ဒဏ်ငွေများ ကောက်ခံခဲ့ကြောင်း သိရှိရသည်။

ဤကိစ္စနှင့်ပတ်သတ်၍ ယခုလို အရက်၊ ဘီယာ လာရောက်သိမ်းဆည်းခြင်း၏ အကြောင်းအရင်းအား မသိရှိရကြောင်း၊ ရှင်းလင်းပြောပြခြင်းလည်းမရှိကြောင်း၊ တွေ့သမျှ အရက်ဘီယာတွေ အကုန်သိမ်းဆည်း ယူသွားကြောင်း နှင့် ထိုသို့လာရောက်စစ်ဆေးသိမ်းဆည်းမည်ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးအား ကြိုတင်အကြောင်းကြားခြင်းမရှိကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်း‌ပေးပို့ချက်အရ  သိရှိရသည်။

၎င်းတို့သိမ်းဆည်းသွားသည့် ကုန်ပစ္စည်းများမှာ နန်းခမ်းဝို ဆိုင်တွင် Myanmar Rum ၁ ပုလင်း၊ အရက် ၂ ပုလင်း၊ ဟုန်ဟောဘီယာ ၂ ပုလင်းနှင့် ဒဏ်ငွေ ၆၀,၀၀၀ ကျပ် ၊ နန်းပူးဆိုင် ဆိုင်တွင် ဘီယာ ၂ ဖာ ၊ အရက် ၂ ပုလင်း နှင့် ဒဏ်ငွေ ၅၀,၀၀၀ ကျပ်၊ စိုင်းပီး + နန်းနောင့်နိ ဇနီးမောင်နှံတို့၏ ဆိုင်တွင် ဒဂုံဘီယာ ၁ ဖာ ၊ အရက် ၁ ပုံး နှင့် ဒဏ်ငွေ ၅၀,၀၀၀ ကျပ် သိမ်းယူကောက်ခံခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အစိုးရတပ်မတော်မှ ဒေသခံပြည်သူများဆောက်လုပ်ထားသည့်  တောင်ယာတဲ ၊  လယ်ယာတဲ များအား သွားရောက်မွှေနှောက်ပြီး လယ်ယာအတွင်းရှိ ဆန် ၃ ပြည် နှင့် အိုးခွက်ပန်းကန် စသည့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်မှုများလည်း ရှိခဲ့သည်။

Taifreedom

Facebook

သတင်း