ထုတ်ပြန်ချက် ၅ ချက်ဖြင့် PPST (၁၄/၂၀၂၀) အစည်းအဝေးပြီးဆုံး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၄/၂၀၂၀) အစည်းအဝေးအား ထုတ်ပြန်ကြေညာချက် ၅ ချက်ဖြင့် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးအား ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့ နှင့် ဧပြီလ ၄ ရက်နေ့တွင် Online Video Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကျကြောင်း သိရှိရသည်။

PPST အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် NCA စာချုပ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း ၊ ပြည်သူလူထုတစ်ရပ်လုံးဆင်နွှဲသည့် နွေဦးတော်လှန်ရေးနှင့် CDM လှုပ်ရှားမှုများအား ဆက်လက်ပံ့ပိုးကူညီခြင်း ၊ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကို တားဆီးခြင်း ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ CRPH လက်ရှိလုပ်ငန်းစဥ်များ နှင့် PPST ရှေ့ဆက်လုပ်ငန်းစဥ်များ စသည့်အကြောင်းအရင်းများ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီမှ အကြမ်းဖက်နည်းလမ်းဖြင့် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြပ်အတည်းများ ဆွေးနွေးပြီးနောက် လက်နက်မဲ့ပြည်သူများအား စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှု၊ ပစ်ခတ်နှိမ်နင်းမှုများရပ်တန့်ရန်တောင်းဆိုကြောင်း ၊ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ၊ နွေးဦးတော်လှန်ရေးအပါအဝင် CDM တွင်ပါဝင်သော ပြည်သူများအား ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ကြေညာချက်အား ကြိုဆိုထောက်ခံကြောင်း နှင့် CRPH မှ ထုတ်ပြန်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဥ်( Federal Democracy Charter) သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုကြောင်း စသည့် ထုတ်ပြန်ကြေညာချက် ၅ ချက်အား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ထုန်ပြန်ကြေညာပြီး NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၄/၂၀၂၀) အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

Taifreedom

Facebook

သတင်း