တောင်ကြီးမြို့နယ်တွင် COVID 19 ရောဂါပိုးကူးစက်ခံရသူသည့်လူနာ ထပ်မံတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ဒုတိယမြောက်လူနာ‌ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထုန်ပြန်ချက်ထဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တော် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် အသွားအလာကန့်သတ်ခြင်း ( Quarantine ) ပြုလုပ်ထားသည့် အသက်၂၁ နှစ်အရွယ် အမျိုးသမီး နှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကူသမှုခံယူနေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတို့မှာ ရန်ကုန်မြို့ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန မှ ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံကြီးသို့ လွဲပြောင်း၍ သီးခြားထားရှိကာ ကုသမှုပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် ထုတ်ပြန်ခဲ့ပါသည်။

ယခုလက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ ၁၂၁ ဦးရှိပြီး လူနာ ၅ ဦးသေဆုံးကာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးကင်းစင်သူ ၉ ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း