တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း (၁၁) ကျေးရွာ ဒေသခံ ၂၀၀၀ ခန့်သည် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ တုံလောကျေးရွာအုပ်စု မတ်ချီးနုတ်ကျေးရွာ သို့လည်းကောင်း၊ ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာ သို့လည်းကောင်း ထွက်ပြေးခိုလှုံနေရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရရှိသည့် စာရင်းများအရ ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  (၁) ဝမ်လုံကျေးရွာ ၄၀၀ ခန့် (၂) ဝမ်ကောင်းကျေးရွာ ၂၅၈ ဦး (၃) ဝမ်ကတ်ကျေးရွာ ၂၀၀ ဦး (၄) ဝမ်မိုင် (တောင်) ၄၇ ဦး (၅) ဝမ်မိုင် (မြောက်) ၁၁၀ ဦး (၆) နောင်နန်းကျေးရွာ ၈၀ ဦး (၇) နောင်မွမ်းကျေးရွာ ၁၀၀ ဦး (၈) ပန်လှိုင်းကျေးရွာ ၁၀၃ ဦး (၉) နမ့်မော်အွတ်ကျေးရွာ ၇၇ ဦး (၁၀) နမ့်အွမ်ကျေးရွာ ၂၂၈ ဦး စုစုပေါင်း ၁၄၆၄ ဦး ရှိကြောင်း သိရသည်။

တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ

စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေသောကြောင့် ကျောင်းပေါ်ကျောင်းအောက်သာမက နေရာထိုင်ခင်းမလုံလောက်သဖြင့် အချို့မှာ လေးလုံးထိုး (ကား) ပေါ်တွင် တဲထိုးပြီး နေရကြောင်း၊ အချို့မှာလည်း ဆွေမျိုးများထံ ခိုလှုံနေကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာတွင် ဟိုခဲကျေးရွာအုပ်စု ပြန်ဆာကျေးရွာနေ အိမ်ခြေ ၃၂ အိမ်မှ ဒေသခံ ၁၀၂ ဦးရှိကြောင်း သိရှိရသည်။

ထို့ပြင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု မတ်ချီးနုတ်ကျေးရွာတွင်လည်း ဟိုခဲကျေးရွာအုပ်စု ဟွေမွန်ကျေးရွာမှ ဒေသခံ ၂၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။

အလားတူစွာ ဟိုခဲကျေးရွာအုပ်စု ပျဉ်ဝမ့်ကျေးရွာဒေသခံများလည်း နီးစပ်သည့် ဘေးလွတ်ရာဘက်သို့ တိမ်းရှောင်နေရပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့အထိ လက်နက်ကြီးသံများ တစ်ချက်တစ်ချက်ကြားနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Taifreedom ထံပြောသည်။

ယခုချိန်ထိ ဒေသတွင်း၌ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေသောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာများ အရေးပေါ်လိုအပ်နေသည်ဟု သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့အထိ နှစ်ဖက်တပ်များ စစ်ရေးတင်းမာလျှက်ရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ တိုက်ပွဲကြောင့် မိုင်းကိုင်တွင် စစ်‌ဘေးရှောင် ၂၀၀၀ ခန့်တိုးလာ

Taifreedom

Facebook

သတင်း