တပ်‌ပေါင်းစု၏ လက်နက်ကြီးထိမှန်သူ ကုန်းပေါင်းရွာခံအမျိုးသား သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းကျေးရွာတွင်းသို့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ‌ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်သည့်အနက် အမျိုးသား ၁ ဦးမှာ ယမန်နေ့ နေ့လည်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

မိုင်းကိုင်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သား ၄ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက  ကုန်းပေါင်းကျေးရွာတွင်းသို့ SSPP ဦးဆောင်သည့် တပ်ပေါင်းစုအဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းပေါင်းရွာခံ မိသားစုဝင် ၄ ဦး ကျည်ထိမှန်ပြီး မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အိုက်လွေ အသက် ၃၀ နှစ်မှာ ယမန်နေ့ နေ့လည် ၁၂:၁၅ အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသူအမျိုးသားမှာ ဘယ်ရင်ညွန့်အောက် လက်နက်ကြီးစ ဖောက်ဝင် ထိမှန်ခဲ့ပြီး ကျည်စမထုတ်နိုင်သောကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကစ၍ ပန်ကေတုကျေးရွာအုပ်စုအတွင်း လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ကို SSPP/SSA ဦးဆောင်သော တပ်ပေါင်းစုအဖွဲ့က စစ်အင်အားအလုံးအရင်းဖြင့် လိုက်လံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၈၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

Taifreedom