တပ်မတော်မှ ဒေသခံမော်တော်ကားများအား ချောဆွဲ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် ဒေသခံများ၏ မော်တော်ကားများအား ချောဆွဲခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မဲကင်ကျေးရွာအုပ်စု နားပါကော်ကျေးရွာတွင် အစိုးရတပ်မတော် အမှတ် (၅၁၉) ခြေမြန်တပ်ရင်း အင်းအား ၄၀ ခန့်တွင် နားပါကော်ကျေးရွာ‌တွင် နေထိုင်သော ဒေသခံရွာသား ၂ ဦး၏ မော်တော်ကားအား ချောဆွဲကာ မိုင်းအစ်ကျေးရွာသို့ ပို့ဆောင်ပေးရပြီးနောက် မတ်လ ၂၈ ရက်နေ့တွင် မိုင်းအစ်ကျေးရွာမှ နားပါကော်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးရသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အစိုးရတပ်မ‌တော် အမှတ် (၅၁၉) ခြေမြန်တပ်ရင်းသည် မိုင်းတုံမြို့နယ်တွင် အခြေစိုက်ထားပြီး  တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက် အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၄) လက်အောက်ခံတပ်ရင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်လည်း အစိုးရတပ်မ‌တော် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက် အမှတ်-၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၄) လက်အောက်ခံတပ်ရင်းများသည် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်  မိုင်းအစ်ကျေးရွာဥက္ကဋ္ဌ နှင့် ၎င်း၏သားအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း