တပ်စခန်းဆောက်လုပ်ရန် တပ်မတော်မှ ဒေသခံပြည်သူများ အဓမ္မချောဆွဲခေါ်ယူ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု ဒေသခံ ပြည်သူများအား တပ်မတော်၏ တပ်စခန်းဆောက်လုပ်ပေးရန် အတင်းအဓမ္မ ချောဆွဲခံ ခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေ ၆:၀၀ နာရီခန့်၌ နမ့်စန်မြို့နယ် နောင်ဟီး ကျေးရွာအုပ်စု နောင်ဝိုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာသည့် တပ်မတော် တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်မှ နောင်ဝိုကျေးရွာနေ ဒေသခံများအား ၎င်းတို့၏ တပ်စခန်း တည်ဆောက်ပေးရန် တစ်အိမ်ထောင်လျှင် တစ်ဦး မဖြစ်မနေ သွားရောက်လုပ်အားပေး ရမည်ဟု အဓမ္မချောဆွဲခေါ်ယူခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

တပ်စခန်းဆောက်လုပ်မည်နေရာသည် နမ့်စန်မြို့နယ် ဝမ်ကုန်းသီးကျေးရွာ၏ အနောက်ဖက်ရှိ လုံးဆာ ပိုင်ဆိုင်သော ခြံတွင်းတွင် တပ်စခန်း ဆောက်လုပ်မည်ဖြစ်ပါသည်။

အလားတူစွာ လဲချားမြို့နယ် ဟိုင်းဆိုင်ကျေးရွာအုပ်စု ဟိုင်ဆိုင်ကျေးရွာအနီးတွင်လည်း တပ်စခန်းတည်ဆောက်ရန် တပ်မတော် အင်းအား ၃၀ ခန့်မှ လာရောက်လုပ်ဆောင် နေလျက်ရှိကြောင်း သိရှိရပါသည်။

Taifreedom

 

Facebook

သတင်း