စုံလောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား

ယနေ့ နံနက်ပိုင်း ၄ နာရီခန့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် စုံလောကျေးရွာအုပ်စု စုံလောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် တစ်ကျောင်းလုံးမီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဤကိစ္စနှင့် ပတ်သက်၍ ရုတ်တရက်မီးလောင်ခဲ့သဖြင့် ဒေသခံရွာသူရွာသားများမှာ အချိန်မီ မီးငြိမ်းနိုင်ခြင်းမရှိကြောင်း ၊ ဘုန်းတော်ကြီးကျောင်းသည် သစ်များဖြင့် ဆောက်လုပ်ထားသဖြင့် မီးလောင်ကျွမ်းမှုမြန်ဆန်ကြောင်း ၊ ကျောင်းထိုင်ဆရာတော်နှင့်တကွ သာမဏေများသည် မီးဘေးကင်းရာသို့ လွတ်ထွက်လာနိုင်ကြောင်း ၊ တစ်ချို့က ဘုရားမီးပူဇော်ရာမှ မီးလောင်းမှုဖြစ်ပွားကြောင်း နှင့် တစ်ချို့လည်း လျှပ်စစ်မီး ဝါယာကြိုးရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တစ်‌ယောက်တစ်ပေါက်ပြောကြားနေသဖြင့် မီးလောင်ရသည့် အကြောင်းအရင်းမှာ တိတိကျကျမသိရှိရသေးကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

မိုင်ကိုင်မြို့နယ် စုံလောကျေးရွာအုပ်စု စုံလောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကထိန်သကႅန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ရပြီး စုံလောကျေးရွာသည် မိုင်ကိုင်မြို့နှင့် အလှမ်းဝေးတွင်တည်ရှိနေသဖြင့် မီးသတ်ကားများ လာရောက်မီးငြိမ်းသတ်ရန် အလွန်ခက်ခဲကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း