ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေး(၂၂/၂၀၂၁)အား Video Conferencing ဖြင့်ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)၏ (၂၂) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များသည် Video Conferencing online ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ပြီး PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှအဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

PPST ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ အခြား Stakeholders များနှင့် သလွတ်သဘော ဆွေးနွေးညှိနှိုင်းပြီး အမြင်ချင်း ဖလှယ်နိုင်ဖို့ လမ်းညွှန်မှုတွေ ချမှတ်ပေးနိုင်ရေး၊ NCA-S EAO၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) အား ဒီဇင်ဘာလ တတိယပတ်မှာ ကျင်းပခြင်းကို သတ်မှတ်လျာထားပြီဖြစ်သော်လည်း လက်ရှိအခြေအနေအရ ကျင်းပဖို့ အဆင်ပြေနိုင်ခြင်း ရှိ မရှိ သုံးသပ်ဆွေးနွေးဖို့ရန် ရှိကြောင်း ပြောကြားခဲ့ပါသည်။

၎င်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့အစည်း အစည်းအဝေး(၂၂/၂၀၂၁)တွင် ယခုလက်ရှိနိုင်ငံရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ စစ်ရေးအခြေအနေများ၊ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ကုသရေး ကိစ္စများ နှင့် အခြားသော အရေးကြီးကိစ္စရပ်များ စသည့် ကိစ္စရပ်များဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၇ ရက်နေ့အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း