ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ယနေ့စတင်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့(PPST) အစည်း အဝေး (၂၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ (၄) ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပလျှက်ရှိသည်။

PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်းတွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဒေါက်တာ နိုင်လင်းဟေဇာနှင့် ချိတ်ဆက် ပံ့ပိုးဆောင်ရွက်နိုင်ရေး နှင့် NCA-S-EAO တို့ရဲ့ အနာဂါတ်စုဖွဲ့မှုတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ယနေ့စတင်ကျင်းပ

ထို့ပြင် နိုင်ဝင်ဘာလ ၂ ရက်နေ့မှာ ABSDF ၏ မြဝတီဆက်ဆံရေးရုံးတာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ကို ပြန်လွှတ်ပေးရန် PPST က တောင်းဆိုထားသည်။

PPST အစည်းအဝေးကို မနက်ဖြန် နို၀င်ဘာလ (၅) ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ယနေ့စတင်ကျင်းပ

Taifreedom

Facebook

သတင်း