ခိုလမ်မြို့နယ်တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နှင့်  ဓမ္မစကူးလ်သင်တန်းတို့ ပူးပေါင်းပြီး ခိုလမ်မြို့နယ် သီရိမင်္ဂလာကျောင်းတိုက်တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ဆုရကျောင်းသားကျောင်းသူများအား ဂုဏ်ထူးဆောင်ဆုပေးအပ်ချီးမြှင့်ခြင်း ၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း ၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ခြင်း နှင့် စာပေဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

ခိုလမ်မြို့နယ်တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ

စာပေဟောပြောပွဲကို ဝတ်ဖဝိန်းအင်းကျောင်းတိုက်မှ ဆရာတော် သီရိထမ်မ နှင့် လုံးစာရေး ကော်မိန်းတို့မှ ဟောပြောခဲ့ကြရာ သံဃာတော်များအပါအဝင် တက်ရောက်သူ (၄၆၄) ဦးရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားဖြစ်မြောက်ရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ခိုလမ်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး တေဝိန်မှ မြန်မာငွေကျပ် ၁၀၀၀၀၀ (၁ သိန်း) ပေးအပ်လှူဒါန်းခဲ့သည်။

ခိုလမ်မြို့နယ်တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ

ခိုလမ်မြို့ ဓမ္မစကူးလ်သင်တန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ (၅) လတာ ဖွင့်လှစ်သင်ကြားခဲ့ကြပြီး သင်ကြားရေးတွင် သံဃာတော်များ ၊ခိုလမ်မြို့နယ် ဓမ္မစကူးလ် ဥက္ကဋ္ဌ လုံးစိုင်းစွမ်ထီး ၊ ဒုတိယဥက္ကဋ္ဌ ဆရာမမော် ၊ ကျောင်းအုပ်ဆရာမ နန်းမွေခမ်း နှင့် ကျောင်းအထွေထွေအုပ်ချုပ်ရေးမှူး စိုင်းမွန်းအောင်တို့မှ စုပေါင်းစည်းလုံးကာ ကိုယ်အား ၊ ဉာဏ်အားဖြင့် သင်ကြားခဲ့ကြကြောင်း သိရသည်။

ထိုအခမ်းအနားသို့ ခိုလမ်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဖိတ်ကြားချက်အရ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ခိုလမ်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးတေဝိန်နှင့် ကိုယ်စားလှယ်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း