ခိုလမ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ပစ္စည်းများအား အဓမ္မယူဆောင်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ အသုံးအဆောင်ပစ္စည်းများ ၊ စားသောက်ကုန်များ ယူဆောင်စားသောက်သည့်အပြင် ဒေသခံပြည်သူများ၏ မော်တော်ယဥ်များအား ချောဆွဲခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နှင့် ဧပြီလ ၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကျိုင်းခမ်း(ခိုအွတ်)ကျေးရွာအုပ်စု ပါဆွမ့်ကျေးရွာတွင် ပြည်သူစစ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီ အမှတ် ၅၇၄ ခြေမြန်တပ်ရင်း(ခမရ-၅၇၄) နှင့် အမှတ် ၅၇၆ ခြေမြန်တပ်ရင်း(ခမရ-၅၇၆) အင်အား ၁၀၀ ခန့်မှ ဒေသခံပြည်သူများ၏ စုစုပေါင်းတန်ဖိုးငွေ ၂၆၁၀၀၀ ကျပ်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များအား အဓမ္မယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

အာဏာသိမ်းစစ်တပ်များယူဆောင်သွားသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များမှာ ဓါးမ 4 လက် ၊ ထမင်းချက်အိုးကြီး ၁ လုံး ၊ ရေထည့်ဗုံး ၁၅ လုံး နှင့် ဆန် ၁ တန်ခွဲ ၊ ပဲပုတ် ၂ ပိဿာ ၊ စားသုံးဆီ ၁ ဗူး နှင့် ကြက် ၂၀ ကောင် စသည်တို့ဖြစ်သည်။

ထို့အပြင်  ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၃:၁၀ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်မှ ၎င်းတို့၏ သောက်သုံးရန်အတွက် ဒေသခံပြည်သူ ၇ ဦးအား ထော်လဂျီ ၂ စီးဖြင့် ရေများခတ်ကာ ပို့ဆောင်ပေးရန်အတွက် အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၀၅:၀၀ နာရီတွင် ခိုလမ်မြို့နယ် ပါဆွမ့်ကျေးရွာအနီး တောတွင်းတစ်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အာဏာသိမ်းစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ ပါဆွမ့်ရွာအားအသွားအလာကန့်သတ်ထားပြီ အပြစ်မဲ့ ရွာသား ၆ ဦးအား ဖမ်းဆီးထားခဲ့ပါသည်။

Taifreedom

Facebook

သတင်း