ခိုလမ်မြို့တွင် တပ်မတော်မှ ပြည်သူများ၏ မွေးမြူရေးတိရိစ္ဆာန်များ အဓမ္မတောင်းစား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ်တွင် တပ်မတော်မှ ဘိုးဘွားအိုလင်မယား တို့ပိုင်ဆိုင်သည့် မွေးမြူရေးတိရိစ္ဆာန် အဓမ္မတောင်းစားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ညနေ ၀၂:၀၀ နာရီတွင် ခိုလမ်မြို့တွင် အမှတ် ၆၆ ခြေလျင်တပ်ရင်း (ခလရ-၆၆) အင်အား ၃၀ ဦးခန့်မှ အမှတ် ၂ ရက်ကွက်တွင် နေထိုင်သည့် ဘိုးဘွားအိုလင်မယား ၂ ဦးထံသို့ ၎င်းတို့အား ကြက် ၅ ကောင်ပေးရန် အဓမ္မတောင်းပြီး ယူဆောင်သွားခဲ့ကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးသည် တပ်မတော်မှ ဘိုးဘွားအို လင်မယားတို့ပိုင်ဆိုင်သည့် မွေးမြူရေးတိရိစ္ဆာန် အဓမ္မတောင်းစားခဲ့သည်မှာ မှန်ကန်ကြောင်း ၊ ၎င်းတို့လက်ထဲတွင် လက်နက်အပြည့်အစုံရှိနေသောကြောင့် မြင်တွေ့နေသူများအဖို့ ဝင်ပြောပေးရန် မရဲဝံ့ခဲ့ကြောင်း ၊ ဘိုးဘွားအို လင်မယားမှာလည်း ကြောက်ရွံ့နေခဲ့ကြောင်း ၊  အဆိုပါတပ်သားများသည် နောင်ကေးဘက်တို့ သွားရောက်တည်းခိုပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ပြောပြခဲ့ပါသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အာဏာအောက် မနေလိုသည့် ပြည်သူလူထုများသည် အာဏာရှင်ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည်ကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်ပစ်သတ်ဖြိုခွင်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ဖျက်စီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဥ်နေ့တိုင်း ချိုးဖောက်နေခဲ့ပါသည်။

Taifreedom

Facebook

သတင်း