ကွတ်ခိုင်မြို့နယ်လွယ်ကော်ကျေးရွာဘုန်းကြီးကျောင်း‌ ကျောင်းထိုင်ဆရာတော်အား တပ်မတော်မှ ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကော်ကျေးရွာဘုန်းကြီးကျောင်း‌ ကျောင်းထိုင်ဆရာတော်အား  မြန်မာ့တပ်မတော်မှ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကုန်းဆာကျေးရွာအုပ်စု လွယ်ကော်ကျေရွာဘုန်းကြီးကျောင်း ‌ကျောင်းထိုင်ဆရာတော်ဖြစ်သည့် အရှင်ဝန္နရိသ သက်တော် ၃၇ နှစ် ဝါတော် ၁၇ ဝါသည်ကျောင်းတွင်း သတင်းသုံးနေတော်မူစဥ်  မြန်မာ့တပ်မတော် (ခလရ-၄၅)မှ ကျောင်းတွင်းဝင်‌ရောက်ပြီး ဆရာတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် အဆက်အသွယ်ပြုလုပ်သည်ဟု စွပ်စွဲကာ ဆရာတော်အား ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရိုက်နှက်ခံရသော ဆရာတော်အား  ဒေသခံရွာသူရွာသားများမှ ကွတ်ခိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသခြင်းခံယူတော်မူခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင်လည်း ခြေမြန်တပ်ရင်(ခလရ) အမှတ် ၃၆၆ မှ လာမည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေသခံရွာသူရွားသားမှားမှ ၎င်းတို့၏ တပ်တွင် ဆူးခြံစည်းရိုး ၂ ထပ် ၁ ရက်အပြီး သွားရောက်ကာရံပေးရမည်ဟု မိုင်းကျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာဥက္ကဋ္ဌ များထံသို့ အမိန့်ပေးစာပို့ပေးခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးမှ ဆူးခြံစည်းရိုးခတ်ရန်မလွယ်ကူကြောင်း ၊ အချိန်အလွန်းသုံးရမည်ဖြစ်ကြောင်း ၊ ကောက်ရိတ်ချိန်ဖြစ်၍ ဒေသခံများလည်း မိမိခြံအလုပ်နှင့် အလုပ်ရှုပ်နေကြောင်း၊ အဆိုပါ ခြေမြန်တပ်ရင်(ခမရ) အမှတ် ၃၆၆ တပ်၏ခြံစည်းရိုးအား တစ်နှစ်လျှင်၂ကြိမ် ဒေသခံရွာသူရွာသားများမှ သွာရောက်ပြုပြင်ပေးနေရကြောင်း နှင့် တပ်ပတ်ဝန်ကျင်အနီးတစ်ဝှက်တွင်လည်း မြက်များသွားရောက်ရိတ်ပေးနေရကြောင်း ၊ မိုင်းကျက်‌ကျေးရွာအုပ်စုတွင်းတွင် သူခိုးဓါးပြနှင့် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ အလွန်များပြားပြီး တပ်မတော်နှင့် ပြည်သူစစ်မှလည်း ၎င်းတို့အား အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း နှင့် လက်ရှိဒေသခံများကြုံတွေ့နေရသည့် ပြဿနာများအား လာရောက်ဖြေရှင်းပေမည့် အဖွဲ့အစည်းပေါ်ပေါက်လာမည်ဟု ယုံကြည်မျော်လင့်နေကြောင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့၌ Ngao Leng Hun Mai Facebook Page တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ခြေလျင်တပ်ရင်း(ခလရ) အမှတ် ၄၅ သည် အ‌ရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြေမြန်တပ်မဟာဌာနချုပ် အမှတ်(၃၃) ကွပ်ကဲမှုဌာနချုပ်လက်အောက်ဖြစ်ပြီး ခြေမြန်တပ်ရင်(ခမရ) အမှတ် ၃၆၆သည် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက် ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း