ကျေးသီးမြို့နယ်တွင်RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၅ ဦးအား လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီမြို့နယ်တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ မိုင်းကောဝ်ကျေးရွာအုပ်စု ၊ နောင်ဆွမ်းကျေးရွာအုပ်စု ၊ ဟိုပုံကျေးရွာအုပ်စု မိုင်းနန်းကျေးရွာအုပ်စုစသည့် ကျေးရွာအုပ်စုတွင်း RCSS/SSA နယ်မြေခံတာဝန်ရှိတပ်ဖွဲ့များမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ  ၃၅ ဦးအား သက်သေခံမူးယစ်ဆေးဝါးများ ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဝင်ရောက်စစ်ဆေးမှုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စတင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီမှ နေ့လည် ၁၁ နာရီအထိပြုလုပ်ခဲ့ပြီး မူးယစ်‌ဆေးဝါးသုံးစွဲရောင်းဝယ်သူ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး ၊ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ)၁၄၀၄ ပြား၊ ဘိန်းစိမ်း ၂ပိဿာ ၅၉ ကျပ်သား ၊အိုက်စ်(ice) ပုလင်းတစ်ဝက် ၊ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြားအမှုန့် ဆပြာဗူး တစ်ဝက် ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ၊  ပြုလုပ်သေနတ် ၁ လက် ၊လေသေနတ် ၁ လက် ၊ .၂၂ကြည် ၁၀၀ တောင့် ၊ ၉mm ကြည် ၁၇၀ တောင့် ၊တူမီးသေနတ် ၁ လက် နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်း ၊ မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၅ အား RCSS/SSA မှထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင် အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇-၂၈ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်တွင်း  RCSS/SSA ၏နယ်မြေခံ တာဝန်ရှိတပ်ဖွဲ့များ ဒေသခံများ၏ သတင်းပေးပို့ချက်အရ မသကႅာသည့်နေရာများအား လျှပ်တပြက်ဝင်ရောက်စစ်ဆေးရာ မှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၁ ဦးအား သက်သေခံမူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း