ကျေးသီးတွင် ဒေသခံတစ်ဦး မိုင်းနင်းမိကာ သေဆုံး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာနေ အမျိုးသားတစ်ဦး တောထဲနွားရှာစဉ် မိုင်းနင်းမိ၍သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကုန်းကော်ကျေးရွာနေ လုံးဆမ် အသက် ၅၀ နှစ်သည် တောထဲသို့နွားသွားရှာစဉ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းပျက်ကျေးရွာ နှင့် ပန်ကတ်ကျေးရွာကြားရှိ ကုန်းစုံတောင်အနီးတွင် မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ပြီး ကျေးသီးမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူနေစဉ် ၄င်း‌နေ့နေ့လည် ၁၁:၃၀ အချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နှင့် ၂၀ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု၌ မိုင်းနင်းမိ၍ နွား ၂ ကောင်၊ ကျွဲ ၂ ကောင် သေဆုံးပြီး နွား ၂ ကောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု နှင့် ဟိုခဲကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့က ဒေသတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက် သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး အချို့မှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို စစ်ဘေးရှောင်ကာ ရွာခဏပြည်ကြည့်ချိန် လမ်းခုလတ်မှာ မိုင်းနင်းမိကာ ဒဏ်ရာရသူလည်း ရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင်လည်း SSPP နှင့် TNLA တပ်ပေါင်းစုအဖွဲ့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စုအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ကို အင်အားအလုံးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ ညနေပိုင်းအချိန်ထိ ပစ်ခတ်မှုများ ရှိနေသေးကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နှင့် ၂၀ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု၌ မိုင်းနင်းမိ၍ နွား ၂ ကောင်၊ ကျွဲ ၂ ကောင် သေဆုံးပြီး နွား ၂ ကောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း