ကျောက်မဲမြို့နယ်တွင် RCSS အမည်အား အသုံးပြု၍ တပ်သားသစ်များစုဆောင်းနေ

သျှမ်းမြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင်းနေထိုင်သော ဒေသခံပြည်သူများမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)အပေါ် အထင်လွှဲမှားစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမည်မသိ၊ အဖွဲ့အစည်းမသိသူမှ RCSS ထုန်ပြန်ချက်အား အတုပြုလုပ်ကာ တပ်သားသစ်များ လိုက်လှံစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းများ စသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ကျောက်မဲမြို့နယ်တွင်းဖြစ်ပွားခဲ့ပြီး အမည်မသိ၊ အဖွဲ့အစည်းမသိသူမှ စာအမှတ်စဥ် ၁၃၃/၁၂ တပ်သားသစ် စုဆောင်းရေးရုံးချုပ် နယ်မြေ ၁၀ ဟု RCSS အမည်အား အသုံးပြုပြီး တပ်သားသစ်များ လိုက်လှံစုဆောင်းနေခြင်းသည်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် လုံးဝမသက်ဆိုင်ပါ။

အဆိုပါစာတွင် လူကြီးမင်း၏ဆိုင်သည် ကျောက်မဲမြို့မှ လူသစ်စုဆောင်းရေး စားရင်းတွင် ပါဝင်ကြောင်း၊ လိုက်နာဆောင်ရွက်ပါက အသက်ဘေးဖြစ်စေ ၊ ဖမ်းဆီးခြင်းဖြစ်စေ ကင်းလွှတ်မှာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖောက်ခွဲခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများပါရှိသည့် RCSS ထုန်ပြန်ချက်အတုပြုလုပ်ကာ ဖြစ်လိုက်လှံဖြန့်ဝေနေကြောင်း သိရှိရပါသည်။

ထို့အပြင် ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ ညသန်းခေါင် ၁၂:၀၀ နာရီတွင် ဆက်သွယ်ဖြေရှင်းရမှာဖြစ်ပြီး မဖြေရှင်းပါက ဆိုင်အား ဖောက်ခွဲခြင်းဖြင့် အရေးယူမည်ဟု ငြိမ်းခြောက်ရေးသားခဲ့ပြီး ဆက်သွယ်ညှိနှိုင်းရန်နှင့် ဖြေရှင်းရန်ဆိုပြီး ဖုန်းနံပါတ် ၀၉၉၈၄၅၆၅၉၃၃ ဗိုလ်ကြီး စိုင်းဘုန်းမောင်ဟု ထုန်ပြန်ချက်အတုတွင် ပါရှိပါသည်။

ဤကိစ္စများနှင့် ပတ်သက်၍ ဒေသခံပြည်သူများမှ RCSS အပေါ် အထင်လွှဲမှားစေရန် ထုတ်ပြန်ချက်တုများ၊ စာရွက်စာတမ်းတုများအား လိုက်လှံဖြန့်ဝေခြင်း၊ မဟုတ်မမှန် ကောလဟလ သတင်းများ လိုက်လှံဖြန့်ဝေခြင်းများ စသည့် လုပ်ရပ်များအား RCSS အနေဖြင့် အဆိုပါလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှု့ချပြီး RCSS ၏ ထုန်ပြန်ချက်များသည် website- www.taifreedom.com နှင့် Facebook Page – Tai Freedom – Burmese Version တွင်သာတရားဝင်ထုန်ပြန်သည်။
Taifreedom