ကျောက်မဲမြို့တွင် ‌ကျေးရွာဥက္ကဋ္ဌ ၃ ဦးအား အမည်မသိသူမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နမ့်ခုံးစားသောက်ဆိုင်တွင် ‌ ကျေးရွာဥက္ကဋ္ဌ ၃ ဦးအား အမည်မသိသူမှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ဆေးကုသနေစဥ် သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၂ နာရီခန့်၌ ကျေးရွာဥက္ကဋ္ဌ ၃ ဦးသည် ကျောက်မဲမြို့ ရပ်ကွက် ၈ တွင်တည်ရှိသည့် နမ့်ခုံးစားသောက်ဆိုင်တွင် ထမင်းစားနေစဥ် အမည်မသိသူမှ ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင် အသက် ၃၆ နှစ် နှင့် နားမွန်းကျေးရွာဥက္ကဋ္ဌ စိုင်းသိန်းအောင် မှာ အခင်းဖြစ်ပွားသည့် နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး လွယ်အွယ်‌ကျေးရွာဥက္ကဋ္ဌဟောင်း စိုင်းသုဇေယျ အသက် ၅၂ နှစ်သည် ကျောက်မဲမြို့ဆေးရုံကြီးသို့ ဆေးကုသနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှလည်း အခင်းဖြစ်းပွားသည့်နေရာတွင် ဝင်ရောက်စစ်ဆေးပြီး သေနတ်ဖြင့်လာရောက်ပစ်ခတ်သည့်သူအား ရဲတပ်ဖွဲ့မှ တာဝန်ယူ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း