ကျောက်မဲတွင် အရပ်သားတစ်ဦးအား TNLA ဖမ်းဆီးသတ်ဖြတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် အရပ်သား တစ်ဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာအုပ်စု ပန်ဟုန်းကျေးရွာအနီး တိုက်ပွဲအတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည့် TNLA တပ်သားတစ်ဦးပိုင်ဆိုင်သော ဖုန်းအားစစ်ဆေးရာ အမျိုးသားတစ်ဦးကို လက်ပြန် ကြိုးတုတ်၊ ခေါင်းကို ဆာလာအိတ်စွပ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး TNLA တပ်ဖွဲ့က အလောင်းကို မြေမြုပ်နေသည့်ဓါတ်ပုံများ တွေ့ရှိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့်အမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပေ။

ထို့ပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း အမျိုးသမီးတစ်ဦးကို ကြိုးဖြင့်ချည်နှောင်ကာ စစ်ဆေးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် RCSS/SSA တပ်ဖွဲ့က ဆက်လက်စုံစမ်းလျှက်ရှိသည်။

ကျောက်မဲတွင် အရပ်သားတစ်ဦးအား TNLA ဖမ်းဆီးသတ်ဖြတ်

Taifreedom

Facebook

သတင်း