ကျိုင်းတောင်းမြို့နယ်တွင် RCSS/SSA နှင့် ဒေသခံပြည်သူများပေါင်းစည်း၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၁ဦး ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်တွင် RCSS/SSA နယ်မြေခံတပ့်ရင်းတာဝန်ရှိတပ်ဖွဲ့များနှင့်ဒေသခံပြည်သူလူထုများတို့ ပူပေါင်းပြီး ညပိုင်းအချိန်တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ မသကႅာသည့်နေရာများအား လျှပ်တပြက်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၁ ဦးအား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဝင်ရောက်စစ်ဆေးမှုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ည ၈ နာရီမှ ၂၈ ရက်နေ့ နံနက် ၇ နာရီအထိပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးသူ ၆ ဦး ၊ မူးယစ်‌ဆေးဝါးသုံးစွဲသူ ၂၅ ဦး ၊ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၆၈၀ ပြား၊ ဘိန်းစိမ်း ၂၀ ကျပ်သား နှင့် ဆက်စပ်ပစ္စည်းများဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့နယ် ဒေသခံပြည်သူလူထုမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၁ ဦး ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်များထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃၁ အား RCSS/SSA မှထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင် အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၅-၂၆ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နောင်လျဲန်ကျေးရွာအုပ်စုတွင် RCSS/SSA ၏နယ်မြေခံ တာဝန်ရှိတပ်ဖွဲ့များမှ မူးယစ်ဆေးဝါးဖြန့်ဖြူးသူ ၂ ဦးအား သက်သေခံမူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း