ကျိုင်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦးကို သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများသည် မိမိတို့ထိန်းချုပ်ရာ နယ်မြေတွင်း၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်စေရန်အတွက် ဒေသခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်းလျှက်ရှိရာ ကျိုင်းတောင်း မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သည့် ကျိုင်းတောင်းမြို့နယ် ‌နောင်ဟီးကျေးရွာအုပ်စုအတွင်း နေထိုင်သော ဒေသခံပြည်သူများ၏ ကြိုတင်သတင်းပေးပို့ချက်အရ  ကျိုင်းတောင်းမြို့နယ်အတွင်း၌ လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် နောင်ဟီးကျေးရွာအုပ်စုအတွင်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၅ ဦးကို သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ‌ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ လုံးဆမ်ဆာ နှင့် မူးယစ်ဆေးဝါးသုံးစွဲသူ လုံးခမ်းဦး ၊ လုံးသီလာ ၊ လုံးပွဲ နှင့် လုံးဆွမ်း တို့ကို သက်သေခံမူးယစ်ဆေးဝါးဖြစ်သည့် ယာမဆေးပြား (၁၆၈) ပြား နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်း နှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း