ကိုလိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးရှိပြီ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုလိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးကူးစက်ခံရသူ ၂ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲတွင် ထုန်ပြန်ကြေညာခဲ့ပြီး COVID-19 ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရောဂါပိုးထပ်မံတွေ့ရှိသည့် လူနာ ၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မဂႅလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သော အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးသည် ရောဂါပိုးတွေ့ရှိသည့် ရှေ့လူနာနှင့် အနီးကပ်ထိတွေ့သည့် ရာဇဝင်ရှိသည့်အတွက် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ခြင်းဆောင်ရွက်ထားလျက် ဓါတ်ခွဲနမူနာစစ်ဆေးမှူအရ COVID-19 ရောဂါပိုး တွေ့ရှိကာ သီးခြားထား၍ ကုသနေလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး မဂႅလာဒုံမြို့နယ်တွင်နေထိုင်သော အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလားပြီး ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ ခံစားရသဖြင့် ပုလဲမြို့သစ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူပြီး ဓါတ်ခွဲနမူနာစစ်ဆေးမှူအရ COVID-19 ရောဂါပိုး တွေ့ရှိကာ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြပ့်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယခုလက်ရှိအခြေအနေတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦးရှိပြီး စောင့်ကြည့်လူနာ ၂၈၈ ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း