ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရှိ တစ်ဦး ထပ်မံသေဆုံး

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရှိပြီး ဓါတ်ခွဲအတည်ပြုလူနာ ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ အသွားအလာကန့်သတ်ထားရှိသူများအား ဓါတ်ခွဲစစ်ဆေးမှုအရ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၉ နှစ်အရွယ် ယောက်ျားလေး ၁ ယောက် နှင့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ယောက်တို့မှာ COVID-19 ရောဂါပိုးတွေ့ရှိပြီး ၎င်းတို့မှာ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ် ဟားခါးပြည်သူ့ဆေးရုံကြီးတွင် အသွားအလာကန့်သတ်ထားခြင်း (quarantine) ပြုလုပ်ထားသည့် ဟားခါးမြို့နယ်နေ အသက် ၁၈ နှစ်အရွယ် မိန်းကလေး ၁ ယောက်မှာ ဓါတ်ခွဲစစ်ဆေးမှုအရ COVID-19 ရောဂါပိုးတွေ့ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပအထူးကုဆေးရုံကြီးသို့ အထူးကြပ်မတ်ကုသမှုခံယူနေသည့် အသက် ၆၃ နှစ်အရွယ်အမျိုးသား (လူနာအမှတ် ၁၁၀ )သည့် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သွေးတိုးရောဂါနှင့် အမျိုးအစား(၂) ဆီးချိုရောဂါ အခံဖြင့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ၂၀၂၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုထားသည့် လူနာစုစုပေါင်း ၁၅၀ ဦးရှိပြီး လူနာ ၆ ဦးသေဆုံးကာ ရောဂါပိုးကင်းစင်သူ ၁၆ ဦးရှိပြီး၎င်းတို့အား ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း