ကာကွယ်ဆေးထိုးရာမှ မိုင်းကိုင်မြို့နယ် ကလေးငယ်တစ်ဦးသေဆုံး

မိုင်းကိုင်မြို့ကျန်းမှာရေးဝန်ထမ်းများနှင့် ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားတို့ ပူပေါင်းပြီး ဒေသကွင်းဆင်း ကာကွယ်ဆေးထိုးရာမှ ကလေးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် မိုင်းကိုင် မြို့ကျမ်းမာရေးဝန်ထမ်းများနှင့် ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားတို့ ပူပေါင်းပြီး မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု ဝမ်ဆမ်ကျေးရွာတွင် ကွင်းဆင်း၍ဒေသခံကလေးငယ်များ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးသည့်ကလေးများ အနက် အသက် ၃ နှစ်အရွယ် စိုင်းနွမ်မိန်းသည် ကာကွယ်ဆေး ဆေးထိုးပြီးနောက်တစ်ရက်အကြာတွင် ကိုယ်အပူချိန်မြင့်တက်ပြီး သြဂုတ်လ ၁၃ ရက်နေ့ အထိ (၃ရက်တိုင်အောင်) မသက်သာသည့်အပြင် ကျင်ငယ်စွန့်ရာတွင် သွေးပါသဖြင့်  မိုင်းခွန်ကျေးရွာအုပ်စု ကုန်းခွမ်ကျေးရွာရှိ အစိုးရဆေးခန်းသို့ ပြသရန် သွားရောက်ရာတွင် ဆေးခန်း၌ တာဝန်ကျ ဆရာ / ဆရာမ ရှိမနေသဖြင့် ၂ နာရီခန့် စောင့်ဆိုင်းနေရပြီး ထိုမှတဆင့် မိုင်းကိုင်မြို့ဆေးရုံသို့ သယ်ဆောင်ရာ ဆေးရုံမရောက်ခင်လမ်းထက်ဝက် မိုင်းကိုင်မြို့နယ် ဝမ်ဟွေကျေးရွာအုပ်စု နောင်လီကျေးရွာ အနီးတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပြီး အသက် ၃ နှစ်အရွယ် စိုင်းနွမ်မိန်း ကွယ်လွန်ပြီးနောက်   ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် မိုင်းကိုင်ဆေးရုံမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ မိုင်းကိုင်လွတ်တော်ကိုယ်စလှယ် လုံစိုင်းလုံ နှင့်အတူ  ဝမ်ဆမ်ကျေးရွာ ဒေသခံများအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း